Mobile (Android / iOS) Development အတွက် Language Platform ရွေးချယ်ခြင်း Credit : Heavenly Moe

Mobile (Android / iOS) Development အတွက် Language Platform ရွေးချယ်ခြင်း
Credit : Heavenly Moe
ဒီ ခေါင်းစဉ်အောက်မှာ ပြောပြ ပေးသွားချင်တာတွေက Absolute Beginner တွေ နဲ့
Mobile Developer တယောက် ဖြစ်ချင်ပါတယ်၊ ဘယ်ကစရမလဲ၊ ဘာကို လေ့လာရမလဲ မသိသေးတဲ့ သူတွေ အတွက် အဓိက ရည်ရွယ် ပြောပြပေးချင်တာဖြစ်ပါတယ်။
Mobile ဆိုတာနဲ့ သူ့ Definition အောက်မှာ
Android ရော iOS ရောပါသွားပါတယ်။
ဒါဆို Mobile Apps တွေ အမျိုးမျိုးရှိတဲ့ အတွက် ကိုယ့်အနေနဲ့ App တစ်ခု Create လုပ်မယ်ဆိုရင် အရင်ဆုံး စဉ်းစား ရွေးချယ်ရမှာက ဘယ် Platform ကို သုံးပြီး App ရေးမလဲ ဆိုတာဖြစ်ပါတယ်။
အဲ့ဒီ အတွက်ကြောင့်လဲ စလေ့လာတဲ့ အခါ ကိုယ် ဘယ် Platform ကို စလေ့လာမယ်ဆိုပြီး Target ထား လေ့လာရင် ပိုထိရောက်ပါလိမ့်မယ်။
Mobile (Android / iOS ) Apps တွေမှာ
အဓိက အနေနဲ့ အောက်ပါ သုံးမျိုးရှိပါတယ်။
1. Native Apps
2. Web Apps
3. Hybrid Apps
အတိုချုပ် မှတ်မယ်ဆိုရင်
1. Native Apps နဲ့ 3. Hybrid Apps တွေက
App Store / Play Store မှာ တင်လို့ရပါတယ်။
2. Web Apps က တကယ်တော့ mobile-optimized webpages တွေကို App တစ်ခု အနေနဲ့ Zip ချုံ့ လိုက်တဲ့ သဘောပါ။
Hybrid နဲ့ Web Apps ဆိုတဲ့ App 2 မျိုးက HTML web pages တွေကို အခြေခံပြီး လုပ်ထားတာခြင်း တူပေမယ့် Hybrid ကတော့ app-embedded browsers
( eg. Web View in Android ) ကို အသုံးပြုထားပါတယ်။
1 . Native App
Native ကတော့ နာမည်အတိုင်း Codes တွေကို Device ပေါ်မှာပဲ platform SDK (API) ကို အသုံးပြုပြီး Compile နဲ့ execute လုပ်ပါတယ်။
Native Apps တွေက Devices ရဲ့ Features ( Camera , GPS , Compass , Contacts , etc ... ) တွေ ကို ခေါ်သုံးလို့ရပါတယ်။
ဒီနေရာမှာ Language အနေနဲ့က
Android Native ရေးဖို့ >> Java
iOS Native ရေးဖို့ဆို >> Objective C / Swift ( အခုနောက်ပိုင်း ) ကို လေ့လာရမှာပါ..။
Native Apps ရဲ့ အားသာချက်
Native Apps တွေက သူတို့ကို Offline လည်း
Run နိုင်တဲ့အတွက် တခြား Web Apps နဲ့ Hybrid App ထက် Performance ပိုကောင်းပြီး ပိုမြန်ဆန်ပါတယ်။
General Users တွေအနေနဲ့တော့ Processing Time Difference က mili seconds ပဲ ကွာတဲ့ အတွက် သတိပြုမိချင်မှ ပြုမိပါလိမ့်မယ်..။
2. Web App
HTML 5 ပေါ်လာပြီးနောက်ပိုင်း Web Developer
တွေကြား ခေတ်စားလာခဲ့တဲ့ စကား တစ်ခုရှိပါတယ်။
"write-once-run-anywhere" ဆိုတဲ့ Methodology ပါ။
Web ဖြစ်တဲ့ အတွက် Internet Connection ကို လိုအပ်ပါတယ်။
ဥပမာ Company တစ်ခုမှာ Web Application နဲ့ Mobile App ဆိုပြီး System ၂ ခု ရှိတယ်ဆိုပါစို့။
Error တစ်ခုခု တက်ပြီ၊ Issue တစ်ခု ထွက်ပြီဆိုရင် Web Application ကို Solve လုပ်ပြင်ပြီးတာနဲ့ Mobile App အတွက် compile လုပ်ပေးလိုက်ရင်
တစ်ခါတည်း Mobile App အတွက်ပါ Error က Solved လုပ်ပြီးသား ဖြစ်သွားမှာပါ။
တကယ်လို့သာ Mobile App ကို Native အနေနဲ့ ရေးထားခဲ့မယ်ဆိုရင် Website ကို solution တစ်ခါရှာ၊ Android App အတွက် တစ်ခေါက် သက်သက် Solution ရှာ Fix လုပ်တာနဲ့ Test လုပ်တာတွေ အတွက် အချိန်ပေးရပါတယ်။
Long Run အနေနဲ့ ကိုယ်ဟာ Client ကို Supporting , Error Fixing ကို
အချိန်တိုတို နဲ့ ပေးချင်တယ်၊ Codes တွေကို easily maintenance လုပ်ချင်တယ်ဆိုတဲ့
သူတွေကတော့ Web App ကို ရေးကြပါတယ်။
3. Hybrid App
သူ့ကို အလွယ်ဆုံး မှတ်မယ်ဆိုရင် Web တစ်ဝက်၊ Native တစ်ဝက် ရေးထားတဲ့ App ပါ :D
HTML, JavaScript စတဲ့ Web Technologies တွေနဲ့
ရေးထားတဲ့ Codes တွေကို Native API
Support လုပ်တဲ့ Container ထဲ ထည့်ပြီး
Wrapped လုပ်ထားတဲ့ သဘော ဖြစ်ပါတယ်။
Native လည်း ပါဝင်ရေးသားထားတဲ့ အတွက်
Device ရဲ့ features တွေကိုလည်း
Access ရပါတယ်။
Web Features တွေလည်း ပါတဲ့ အတွက်
အပေါ်မှာ ရှင်းပြထားတဲ့ Web App လို
Maintenance လုပ်ရတာ လွယ်ပါတယ်။
ဒီ Hybrid ကို များသောအားဖြင့် တချို့ Company တွေက သူတို့ Web Apps တွေကို
Maintenance လည်းလွယ်ချင်တယ်၊ Play-store ပေါ်တင်ပြီး Public ကို လည်း ပေးချင်တယ်ဆိုတဲ့ အခါမျိုးမှာ ရွေးချယ်တတ်ကြပါတယ်။
အဓိက Web App နဲ့ Hybrid App ကွာခြားချက်ဖြစ်တဲ့
Play-store ပေါ်တင်လို့ရတာနဲ့ မရတာကလည်း
Developers တွေ အတွက် Development မစခင်
စဉ်းစားရတဲ့ အချက်တခုပါ။
ဒီ Post ထဲမှာ ပြောပြသွားတာတွေက
Mobile Development ရဲ့ Highlights ဖြစ်တဲ့
အချက်တချို့ကို သတိထားမိစေဖို့ ဖြစ်ပါတယ်။
အကျယ်တ၀င့် ရှင်းပြထားတာတွေကို အသေးစိပ် သိဖို့ လေ့လာဖို့ လိုအပ်ပါလိမ့်အုံးမယ်။
အောက်က Attached လုပ်ထားတဲ့ ပုံတွေမှာ Platform တွေရဲ့
အဓိက ကွာခြားချက် တွေကို ရှင်းပြထားပါတယ်။
ဒီလောက်ဆို Mobile Developer လုပ်မယ့် New Buddies တွေ စလေ့လာဖို့ Target တစ်ခု ချရန် အထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
All the Best !!
Credit : Heavenly Moe
•••
Naing Myo Thaw java က security အားနည်�းတယ်�လို့ဖတ်�ဖူးပါတယ်�
Java ရဲ့ security အ�ကြောင်�းအလင်�းပြကြပါဦး
LikeShow More Reactions
· Reply ·
3
· 23 August 2016 at 06:07
Manage
Aye Chan Aung Thwin
Aye Chan Aung Thwin J2EEနဲ့ရေးထားတဲ့ websiteတွေက Laravel Frameworkမသုံးထားတဲ့ Phpထက် ပိုပြီးsecureဖြစ်ပါတယ်။ Encryption, Decryption, Obfuscationတွေ မလုပ်နိုင်ရင် Javaက Security weakဖြစ်ပါတယ်။ ပြောချင်တာက ရေးတဲ့သူအပေါ်ပဲ မူတည်တာပါ။ ရေးမယ့်ရေးတော့ Securityပိုင်းပါ လေ့လာပြီးရေးတာ ပိုကောင်းတာပေါ့bro။
LikeShow More Reactions
· Reply ·
3
· 3 October at 17:25
Manage
Naing Myo Thaw
Naing Myo Thaw Thanks bro
LikeShow More Reactions
· Reply ·
1
· 3 October at 19:24

Comments

Popular posts from this blog

သင်္ချာ တွက်ချက်မှု ဆိုင်ရာ နည်းလမ်းများ

Software Development Library

Android Spinner (Drop Down) Example